.......ကျွန်တော့်ရဲ့ ရှုခင်းအလှများ..နှင့်..စိတ်ကူးယဉ် ကမ္ဘာလေး မှလှိုက်လှဲနွေးထွေးစွာကြိုဆိုပါ၏.......

Sunday, February 1, 2009

မှာတမ်း(ကဗျာ)

 မှာတမ်း


ညီလေးတို့ရေ......
နောက်ကျွံနေရင်နှုတ်
အကြောက်လွန်နေရင်ဖြုတ်
ဂုဏ်သိက္ခာဆိုတဲ့သီချင်းတပုဒ်
နောက်မဆုတ်ကြေး ခရီးတခုမှာ
မင်းရဲ့နှုတ်က ဆိုစမ်းပါ
အမေပေးတဲ့သွေးတွေနဲ့
ရဲရဲတင်းတင်းပေါ့......
ညီလေးရေ
ငါတို့အားလုံးလိုချင်နေတာ
မွေးကထဲက ပါလာတဲ့
မွေးရာပါအခွင့်အရေးပါ
ကိုယ့်ပစ္စည်းကိုတောင်းတာ
အားနာစရာလိုလို့လားကွာ
ညီလေးရေ
မိုးလင်းရင်မျက်နှာသစ်
အစဉ်အလာမပျက်အောင်
မင်္ဂလာမနက်လို့ နှုတ်ဆက်နိုင်ဖို့
မိုးချုပ်ရင် ဘုရားရှိခိုး
အိမ်မက်ဆိုးတွေကင်းမဲ့စွာ
သန်းခေါင်ကျော်တံခါးခေါက်သံတွေအေားစေဖို့
ကိုယ့်အလုပ်ကိုလိပ်ပြာသန့်
မနက်ဖြန်တံခါးဖွင့်စို့ကွယ်။  ။



 



Amazing Views